လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်း ကွင်းလယ် ကစားသမား ကက်ဆီကို ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ အပြိုင် ကမ်းလှမ်းဖွယ်ရှိနေ
အေစီမီလန်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနေသည့် ကွင်းလယ်ကစားသမား ကက်ဆီကို လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ အပြိုင်ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အသင်းကွင်းလယ်ပိုင်းတွင် ကန်တီအနေဖြင့် မကြာခဏ ဒဏ်ရာပြဿနာများ တွေ့ကြုံနေရသည့်အတွက် အသင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန် ကက်ဆီကို ခေါ်ယူလိုခြင်းဖြစ်သည်။
အလားတူ မန်ယူအသင်းသည်လည်း ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက အသင်းတိုက်စစ်ပိုင်းနှင့် ခံစစ်ပိုင်းတို့ကို အင်အားဖြည့်တင်းခဲ့သော်လည်း အသင်းကွင်းလယ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှုမပြုလုပ်ဘဲ လက်ရှိတွင် တွမ်မီနေးနှင့် ဖရက်တို့ ခြေစွမ်းပိုင်းတည်ငြိမ်မှု မရှိသည့်အတွက် ကက်ဆီကို ခေါ်ယူလိုခြင်းဖြစ်သည်။
ကက်ဆီ ကိုယ်တိုင်ကလည်း ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက အသင်းမှ ထွက်ခွာကာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်ခဲ့ဖူးပြီး ယခုအခါ ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က အပြိုင်ကမ်းလှမ်းဖွယ် ရှိနေခြင်းကြောင့် အပြောင်းအရွှေ့ဖြစ်မြောက် လာဖွယ်ရှိကြောင်း သိရသည်။