လာမည့်နွေရာသီတွင် မန်စီးတီးအသင်း အကောင်းဆုံးပြင်ဆင်ရန် ပေါင်သန်း ၂၀၀ အသုံးပြုမည် တိုက်စစ်မှူးနေရာအတွက် လူကာကူနှင့်ဟာလန်းတို့နှစ်ဦးကို ခေါ်ယူရန်ပစ်မှတ်ထားနေ

 

မန်စီးတီးအသင်းသည် လာမည့်နွေရာသီတွင် အသင်းကို အကောင်းဆုံးပြင်ဆင်ရန် ပေါင်သန်း ၂၀၀ အထိ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ယခုရာသီတွင် အားနည်းချက် များရှိနေသည့်အတွက် ရာသီကုန်တွင် တိုက်စစ်မှူးတစ်ဦး၊ ဘယ်နောက်ခံကစားသမားတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦး  ထပ်မံအားဖြည့်ရန်  နည်းပြဂွါဒီယိုလာ၏တောင်းဆိုမှုကို အသင်းပိုင်ရှင် က  လက်ခံထားပြီး  ပေါင်သန်း ၂၀၀ အထိ အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ခံစစ်ပိုင်းတွင် အားနည်းချက်များရှိနေသကဲ့သို့   တိုက်စစ်မှူးအဂူရိုကို စာချုပ် သက်တမ်းတိုးရန် စီစဉ်နေသော်လည်း တိုက်စစ်ပိုင်းတွင် ရေရှည်အစားထိုးနိုင်မည့်သူအဖြစ် အင်တာမီလန်တိုက်စစ်မှူး လူကာကူနှင့် ဒေါ့မွန်အသင်း လူငယ်တိုက်စစ်မှူး အာလင်းဟာလန်းတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုသည်လည်း အသက်အရွယ် ရလာပြီး အဲရစ်ဂါစီယာသည်လည်း ရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့်အတွက် ကွင်းလယ် ကစားသမားသစ် တစ်ဦးကိုလည်း အားဖြည့်ခေါ်ယူရန်စီစဉ်နေသည်။

မန်စီးတီးအသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းပေးထားနိုင်သည့် အဂူရိုသည် အသင်းနှင့် စာချုပ်သက် တမ်းခြောက်လသာကျန်ရှိတော့ပြီး အသင်းက စာချုပ်သက်တမ်းတိုးရန် အသင့်ပြင်ထားသော်လည်း ကစားသမားဘက်က ဆုံးဖြတ်ချက်မချသေးပေ။ အဂူရိုသည် အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် အနားယူနေရသည်ကများသည့်အတွက် လူကာကူ သို့မဟုတ် ဟာလန်းကို ခေါ်ယူပြီး အသင်း၌ ရေရှည်အစားထိုးနိုင်မည်ဟု နည်းပြဂွါဒီယိုလာက ယူဆနေသည်။ လူကာ ကူသည် မန်ယူတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကစားခဲ့ပြီး ၂၀၁၇ ခုနှစ်က အဲဗာတန်မှ မန်ယူသို့ ပေါင်သန်း ၉၀ ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်၍လည်း ပရီးမီးယားလိဂ်တွင် အချိန်ယူစရာမလိုဘဲ အသင်းနှင့်အံဝင်စွာ ကစားနိုင်မည်ဟု  မန်စီးတီးအသင်းက  ယူဆနေသည်။  မန်စီးတီးအသင်းသည်  လူကာကူနှင့်   ဟာလန်းအပြင်  ဘင်ဖီကာအသင်းတိုက်စစ်မှူး  ဒါဝင်နူနက်ဇ်ကိုလည်း ခေါ်ယူရန်စိတ်ဝင်စားနေ ကြောင်း သိရသည်။

မန်စီးတီးအသင်းကွင်းလယ်ကို ဦးဆောင်နေသော ဖာနန်ဒင်ဟိုသည် အသင်းသို့ ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ပွဲပေါင်း ၃၀၀ ကျော် ကစားပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင် အသက်အရွယ်ရလာပြီဖြစ်၍ ၎င်းင်းနေရာ၌  ရေရှည်အစားထိုးနိုင်ရန် ကွင်းလယ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူရမည်ဖြစ်သည်။  မန်စီးတီးအသင်းသည်  ရာသီကုန်တွင်  ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီကိုလည်း ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရသည်။