လီဗာပူး၊ ဘောလုံး
လီဗာပူးအသင်း ကွင်းလယ်ကစားသမား ဝင်နယ်ဒမ်က လာမည့်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိထားပြီး အကြိုသဘောတူစာချုပ်၌ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
ဝင်နယ်ဒမ်သည် ယခုဘောလုံးရာသီကုန်လျှင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူး အသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ၎င်းကိုယ်တိုင်က ငြင်းဆန်ခဲ့ကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဘာစီလိုနာအသင်း နည်းပြကိုးလ်မန်းနှင့် ဝင်နယ်ဒမ်တို့သည် နယ်သာလန်လက်ရွေးစင် အသင်း အတွက် လက်တွဲခဲ့ဖူးသူများဖြစ်သောကြောင့် ရာသီကုန်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကစားရန် အကြိုသဘောတူစာချုပ်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်ဟု The Sunday Time သတင်းစာကလည်း ဖော်ပြသည်။
လက်ရှိတွင် ကြွေးမြီပြဿနာများကြောင့် ကစားသမားသစ်များကို ပြောင်းရွှေ့ကြေးမြောက်မြားစွာ အသုံးပြု ပြီး ခေါ်ယူရန်အခက်အခဲရှိနေသည့် ဘာစီလိုနာအသင်းသည် နွေရာသီကစားသမားအပြောင်း အရွှေ့ကာလ တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မည့် ကစားသမားများကိုသာ ဦးစားပေးခေါ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
Ref;The Sunday Time