ဟံသာဝတီ ယူနိုက်တက်အသင်းကို ရောက်တဲ့အထိ ကစားသမားဘ၀ဖြတ်သန်းမှုနဲ့ U20 World Cup မှာပါတဲ့ အကြောင်း ပြောပြပေးပါဦး။
မှတ်မိသလောက် ပထမတန်းကျောင်း သားဘဝကတည်းက ဘောလုံးအားကစား ကို စကစားခဲ့တာပါ။ အဲဒီနောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲမှာ ကစားရတယ်။ ၂၀၁၅ ဘောလုံးရာသီမစမီမှာ ဟံသာဝတီယူနိုက်တက်အသင်းကို စရောက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာပဲ U20 World Cup ပြိုင်ပွဲအတွက် မြန်မာယူ-၂၀ ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းမှာ ခြောက်ရာသီကစားခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ရပ်တည်ချက်အပေါ် အမြင်ကိုလည်း သိပါရစေ။
ဟံသာဝတီယူနိုက်တက်အသင်း ကစားသမားတစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့ရာသီအပေါ် အရမ်းအားရ ကျေနပ်မှုရှိပါတယ်။
လာမယ့်ရာသီအတွက် ဘယ်လိုပြင်ဆင်ထားလဲ၊ ပြီးတော့ AFC Cup ပြိုင်ပွဲ ဝင်ရောက်ရမယ့်အပေါ် ခံစားချက်ကို လည်း သိပါရစေ။
လာမယ့်ရာသီအတွက် ကျွန်တော်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ AFC Cup ပြိုင်ပွဲ ဝင်ပြိုင်ရမယ့်အပေါ် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော် တို့အသင်းအနေနဲ့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်နေပါတယ်။
ကစားရတာအကြိုက်ဆုံးနေရာနဲ့ ပြည်တွင်းပြည်ပက လေးစားရတဲ့ကစားသမား တွေရှိရင်လည်း ပြောပြပေးပါဦး။
ကစားရတာ အကြိုက်ဆုံးနေရာကတော့ ကွင်းလယ်ပါ။ ပြည်တွင်းက လေးစားအားကျရတဲ့ ကစား သမားကတော့ ဒေးဗစ်ထန်းဖြစ်ပြီး ပြည်ပကတော့ အာဂျင်တီးနားကစားသမား မက်ဆီဖြစ်ပါတယ်။
မွေးဖွားရာဇာတိ၊ မွေးသက္ကရာဇ်၊ အရပ်နဲ့ ကိုယ်အလေးချိန်ကိုလည်း ပရိသတ်တွေသိအောင် ပြောပြပေးပါဦး။
မွေးဖွားရာဇာတိက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက်ပါ။ မွေးသက္ကရာဇ်က ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ပါ။ အရပ်က ၅ ပေ ၄ လက်မပါ။ ကိုယ်အလေးချိန်က 61 kg ပါ။
ရှေ့ဆက်ပြီး ဘောလုံးလောကမှာပဲရှိ နေဦးမှာလား။
ဘောလုံးကစားနိုင်သရွေ့ ဆက်ပြီးကစားနေဦးမှာဖြစ်ပါတယ်။
အားပေးနေတဲ့ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။
ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေရော အသင်းပရိသတ်တွေပါ ကျန်းမာကြပါစေ။ အားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။ နောက်လည်း ဆက်လက်အားပေးပါဦးလို့ ပြောချင်ပတယ်။