လားရှိုးမြို့ရှိ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ သက်တော်(၉၀) ပြည့် နဝရတ်ရတု ပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၁၅

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မဟာဗောဓာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်   သြဝါဒစရိယ မဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မထေရ်မြတ်ကြီး၏ သက်တော်(၉၀)ပြည့် နဝရတ်ရတု ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုစာသင်တိုက်၌ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီး၏ သက်တော် (၉၀)ပြည့် နဝရတ်ရတုကံထပ် မင်္ဂလာအထိမ်းအမှတ် သိမ်ဆင်းတော်မူကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေကန်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓါစာရထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်   သြဝါဒစရိယ မဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိနှင့် ဂုဏအဘိပူဇနဂါထာအား နာယကစာချ ဆရာတော် အရှင်ကေသရမှ ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ရေကန်တောင်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။