လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ (၂၃)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အောင်မေတ္တာရပ် ဇေယျာဟေမ ကုန်းတော်ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ (၂၃)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ လားရှိုးမြို့နယ် သံဃနာယကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ပန်အုပ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇိနောရသလင်္ကာရ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပန်အုပ်ပရိယတ္တိစာ သင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နဝကမ္မအလှူငွေများ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် လားရှိုးမြို့၊ မြို့လယ်ပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏပဌာန ဘာဏက က ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကို စတင် ရွတ်ဖတ်ပူဇော် ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ ပတ္တမြားစေတီ၌ (၄၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ပြုလုပ်ရာ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြု သော သံဃတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။