လားရှိုးမြို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

လားရှိုးမြို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ဩဂုတ် - ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း၌ ယနေ့နံနက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်(၁၂)ရှိ အိမ်ထောင်စုများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်ခဲ့သည့်နေရာများသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ ယနေ့တွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။