လားရှိုးမြို့၊ အောင်သစ္စာ(တာပုံ)စစ်မှုထမ်းဟောင်းအိမ်ရာနှင့် ခေးနင်း အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ယာ(လားရှိုး)တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ အားတွေ့ဆုံ

လားရှိုးမြို့၊ အောင်သစ္စာ(တာပုံ)စစ်မှုထမ်းဟောင်းအိမ်ရာနှင့် ခေးနင်း အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ယာ(လားရှိုး)တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ အားတွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အောင်သစ္စာ(တာပုံ)စစ်မှုထမ်းဟောင်း အိမ်ရာနှင့် ခေးနင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)တို့ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များက အဆိုပါစစ်မှုထမ်းဟောင်း အိမ်ရာ များသို့ သွားရောက်တွေ့ဆုံ အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။