လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူငွေများ၊ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း များဆောင်ရွက်

လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူငွေများ၊ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း များဆောင်ရွက်

နေပြည်တော်၊ ဧပြီ -၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များက သွားရောက်၍ ရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူငွေများ၊ ဆေးဝါး များ၊ လူသုံးကုန်ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။