လားရှိုးမြို့ နည်းပညာတက္ကသိုလ်(လားရှိုး)၌ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးဆံ့ ၃ ထပ်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လားရှိုးမြို့ နည်းပညာတက္ကသိုလ်(လားရှိုး)၌ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးဆံ့ ၃ ထပ်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ်(လားရှိုး)၌ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးဆံ့ ၃ ထပ်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ လားရှိုးမြို့၊ သီရိ မင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် မြို့နယ်သံဃ နာယကဉက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ ကြွရောက်တော်မူပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက အဆောက်အဦများ ဆောက်လုပ်မည့်နေရာ၌ ပန္နက်တင်ကြပြီး အမွှေးနံ့သာ ရည်များ ပက်ဖျန်းကြသည်။ ထို့နောက် အဆိုပါတက္ကသိုလ်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော် များကို နာယူကြသည်။
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။