လီဗာပူးအသင်းက ဆာလက်ချ်ကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၅၀၀၀၀၀ ဖြင့် ကာလရှည် သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန်နီးစပ်

လန်ဒန်၊ ဘောလုံး

လီဗာပူးအသင်းသည် အသင်းမှ အဓိကတိုက်စစ်မှူး ဆာလက်ချ်ကို တစ်ပတ်လုပ်ခလစာ စတာလင် ပေါင် ၅၀၀၀၀၀ ဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လုပ်ခလစာအများဆုံးကစားသမားအဖြစ် ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ် ကြောင်း သိရသည်။

လီဗာပူးအသင်းသည် ယခုနှစ်ကစားသမားအပြောင်း အရွှေ့ကာလတွင် ကစားသမားသစ်မခေါ်ယူခဲ့ဘဲ အသင်းမှ အဓိက ကစားသမား များကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှုများပြုလုပ်ခဲ့ပြီး အစောပိုင်းက ဂိုးသမား အလီဆန်ဘက်ကာအပါအဝင်  အာနိုး၊ ဖာဘင်ဟို၊ ဗန်ဒိုက်နှင့်  အသင်းခေါင်းဆောင် ဟတ်ဒါဆန်တို့ကို သက်တမ်းတိုးစာချုပ်များ အသီးသီးချုပ်ဆိုခဲ့ပြီးနောက် ယခုအခါ ဆာလက်ချ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ဆာလက်ချ်သည်  ၂၀၁၇ ခုနှစ်က  ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အဓိက  ကစားသမား တစ်ဦးအဖြစ် ဘောလုံးရာသီ တိုင်းတွင်   ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး   လက်ရှိ  စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည့်အတွက် လီဗာပူးအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ဆာလက်ချ်သည် လီဗာပူးအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၀၀၀၀၀ သာ ရရှိနေပြီး ယခုအခါ လီဗာပူးအသင်းက အသင်းသမိုင်း တစ်လျှောက် လုပ်ခလစာအများဆုံးကစားသမား အဖြစ်သာမက  လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် လုပ်ခလစာအများဆုံးကစားသမားအဖြစ်  စံချိန်တင် မည့် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၅၀၀၀၀၀ အထိပေးပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ် နေခြင်းဖြစ်သည်။

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်   လုပ်ခလစာ အများဆုံးကစားသမားအဖြစ်  မန်စီးတီးအသင်းမှ ဒီဘရိုင်းက  တစ်ပတ်လုပ်ခ လစာ  စတာလင်ပေါင် ၃၈၅၀၀၀ ဖြင့် ရပ်တည်နေပြီး ဆာလက်ချ်သည် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၅၀၀၀၀၀ ဖြင့် စာချုပ် ချုပ်ဆိုပြီးပါက  လုပ်ခလစာအများဆုံးကစား သမားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။   

 Ref;Give Me Sports