မန်ချက်စတာ၊ ဘောလုံး
မန်ယူအသင်းက အသင်း၌ လုပ်ခလစာအမြင့် ဆုံးပေးနေရသည့် ဂိုးသမားဒီဂီယာကို လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချပြီးလူငယ်ဂိုးသမား ဟတ်ဒါဆန်ကိုပွဲထွက် ကစားသမား အဖြစ်အသုံးပြုရန် ပြင်ဆင်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ဘဏ္ဍာရေးပိုင်းပြန်လည်ထိန်း သိမ်းလိုသောကြောင့် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၅၀၀၀၀ အထိပေးနေရသည့် ဒီဂီယာကို စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသော်လည်း ရောင်းချရန်ပြင် ဆင်နေခြင်းဖြစ်သည်။
မန်ယူအသင်းက လူငယ်ဂိုးသမား ဟတ်ဒါဆန်ကို ရှက်ဖီးလ်ယူနိုက်တက်အသင်း၌ အငှားချထားရာမှ ပြန်လည်ခေါ်ယူထားပြီး တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၂၀၀၀၀ ဖြင့် ခြောက်နှစ်စာချုပ်ချုပ်ဆို ထားသည်။
အသက် ၂၄ နှစ်အရွယ် ဂိုးသမားဟတ်ဒါဆန်သည် ယခုဘောလုံးရာသီတွင် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသော်လည်း ဒီဂီယာမပါဝင်နိုင်သောပွဲစဉ်များ၌ ပွဲထွက်ခွင့်ရရှိခဲ့ကာ အကောင်းဆုံး လက်စွမ်း ပြလျက်ရှိသည့်အတွက် မန်ယူအသင်းက ဟတ်ဒါဆန်ကို ပွဲထွက်ခွင့်ပေးလိုသောကြောင့် ဒီဂီယာကို ရောင်းချရန်ပြင်ဆင်နေပြီး ဧပြီ ၅ ရက် နံနက်က ကစားခဲ့သည့် ဘရိုက်တန်အသင်းနှင့်ပွဲစဉ်၌ ဒီဂီယာကို ချန်လှပ်ခဲ့ပြီး ဟတ်ဒါဆန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။
Ref;Goal.com