လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများက ဆူပူ အကြမ်းဖက်သူများ ပိတ်ဆို့ထားသည့်အတားအဆီးများကို ပူးပေါင်းဖယ်ရှားရှင်းလင်း

 

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများက ဆူပူ အကြမ်းဖက်သူများ ပိတ်ဆို့ထားသည့်အတားအဆီးများကို ပူးပေါင်းဖယ်ရှားရှင်းလင်း

နေပြည်တော်၊  မတ် - ၂၃
    
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် ဆန္ဒဖော်ထုတ် သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းများအပြင်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှု အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် လမ်းမများပေါ်၌ တာယာကွင်းများ၊ သဲအိတ် များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများနှင့် သံချောင်းများစသည့် အတားအဆီးများ ထူထပ်စွာ ချထား၍ ပိတ်ဆို့တားဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
    
၎င်းအပြင် NLD ပါတီဝင် နိုင်ငံရေးသမားများနှင့် အဖျက်အမှောင့်သမားများသည် အစိုးရ အုပ်ချုပ်မှုယန္တရားပျက်စီးပြီး နိုင်ငံတော်စီးပွားရေးကို ထိခိုက်ဆုံးရှုံးစေရန်နှင့် အိမ်နီး ချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေရန် မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုချက်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံထားသော အိမ်နီးချင်းနိုင်ငံများ၏ စက်ရုံ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးလုယက်ခြင်းများကို လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန် များအနီးရှိ ကြေးစားလူရမ်းကားများကို အခကြေးငွေပေး၍ ပြုလုပ်စေခိုင်းခဲ့ပါသည်။ ထို့ပြင် NLD ပါတီဝင်များနှင့် NLD ထောက်ခံသူများသည် ၎င်းတို့အား မထောက်ခံသည့် အပြစ်မဲ့ ပြည်သူများကို ငါနှင့်မတူ ငါ့ရန်သူအဖြစ် သဘောထားပြီး သူလျှို၊ ဒလန်များအဖြစ် တစ်ဖက် သက်စွပ်စွဲကာ Social   Punishment ပြုလုပ်ရာမှတစ်ဆင့် ရက်ရက်စက်စက်သတ်ဖြတ် ခြင်း၊ လူနေအိမ်များအား မီးရှို့ခြင်း၊ မီးကွင်းပစ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား  အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြသဖြင့် မတ်လ ၁၄ နှင့် ၁၅ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် ၆ မြို့နယ်အား Martial  Law ထုတ်ပြန်ဆောင်ရွက်ခဲ့ရသည်။
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် Martial  Law အမိန့်ထုတ်ပြန်ပြီး မြို့ရွာများတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အရှိန်တိုးမြှင့် ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုအခြေအနေများသည် မတ်လ ၁၄ ရက်တွင် အင်အား ၁၅၆၀၀ ကျော်(ရာခိုင်နှုန်းအားဖြင့် နိုင်ငံလူဦးရေ၏ ဝ.၀၂၉%) ရှိရာမှ မတ်လ  ၂၁ ရက်တွင် အင်အား ၃၂၅၀ ဦးခန့်သာ (ရာခိုင်နှုန်းအားဖြင့် နိုင်ငံ့လူဦးရေ၏ ဝ.၀၀၆ %)ရှိသည်အထိ တစ်နေ့ထက်တစ်နေ့ အကြမ်းဖက်ဆန္ဒပြမှုများ လျော့နည်းလာကြောင်း တွေ့ရှိရသည်။
    
လက်တလော ဆူပူဆန္ဒဖော်ထုတ်မှုများတွင် NLD ပါတီအာဏာပြန်လည်ရရှိရေး လိုလားသူအမာခံများက ဆူပူအကြမ်းဖက်လိုသူများကို သွေးထိုးမြှောက်ပင့်ပေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား လူကိုသေစေနိုင်သည့် လက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ လူမိုက်လူရမ်း ကားများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို အခကြေးငွေပေး၍ ဆူပူအကြမ်းဖက်မှုများကို  အရှိန်မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြကြောင်း တွေ့ရှိရသည်။
    
သို့သော်လည်း မတ်လ ၁၄ ရက်နေ့ Martial  Law  အမိန့်ထုတ်ပြန်ပြီးနောက် ဆူပူအကြမ်းဖက်မှုများကို ထိရောက်စွာထိန်းသိမ်းခဲ့သဖြင့် တည်ငြိမ်းအေးချမ်းမှုအခြေအနေ များ တိုးတက်ကောင်းမွန်လာသလို၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသော မြို့ပေါ်ရပ်ကွက် များရှိ ပြည်သူအများစုအနေဖြင့် ၎င်းတို့၏ မိသားစုလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လူမှုရေး၊ ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ စိတ်ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပါအဝင် မန္တလေး၊ မုံရွာမြို့ကြီးများနှင့် အခြားမြို့နယ်အချို့တို့တွင် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများကို လူအင်အား၊ စက်ယန္တရားအင်အား များအသုံးပြု၍ ဖယ်ရှားဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့လမ်းပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအခက်အခဲများ အရေးပေါ်ကြုံတွေ့လာပါက အလွယ် တကူသွားလာနိုင်ပြီဖြစ်သကဲ့သို့ မီးဘေးအန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်စရာ မလိုတော့ သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး နေ့စဉ်လမ်းပိတ်ဆို့မှု ရှင်းလင်းရေးကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရသည့်အပြင် လမ်းမကြီးများနှင့် ရပ်ကွက် များအတွင်း ပိတ်ဆို့တားဆီးခြင်းများ ကင်းရှင်းမှုကြောင့်လည်း ပြည်သူအများစုသည် ရပ်ကွက်၊ မြို့တွင်းဈေးအသီးသီး၌ ပြည်လည်ရောင်းဝယ်ဖောက်ကားခြင်းများ တစ်စနှင့် တစ်စ ပြုလုပ်စည်ကားလာကြောင်း တွေ့ရှိရပါသည်။
    
ယင်းသို့ ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။