လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အား စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများလာရောက်ပေးအပ်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅
    
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သမ္မတအိမ်တော်၊ လွှတ်တော်ပတ်ဝန်းကျင် နေရာများ၊ ရဲကွပ်ကဲရေးရုံးနှင့် MICC(II) တို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဘူးများ၊ အချိုရည်များ၊ မုန့်များနှင့် ချက်ပြုတ်စားသောက်ရန် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ လာရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။