CDM လှုပ်ရှားမှုလုပ်ဆောင်ခြင်းသည် တည်ဆဲအစိုးရတစ်ရပ်အား အခက်အခဲတွေ့အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစိုးရအား အင်အားချည့်နဲ့သွားအောင် ထိုမှတစ်ဆင့် ပြုတ်ကျသွားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် CDM လှုပ်ရှားမှုကြောင့် အဓိက အထိခိုက်ခံရသည်မှာ ပြည်သူအများစုသာဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က အစိုးရကို အမြဲတမ်းဆန့်ကျင်နေသူတစ်ဦးသည် မိမိနိုင်ငံ၏ ပြည်သူလူထု မျက်နှာကိုမှမထောက်ထားဘဲ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ထားရန် တောင်းဆိုခဲ့ဖူး သည်။ သူ၏လုပ်ရပ်ကြောင့် မိသားစုအများအပြား စားဝတ်နေရေး အခက်အခဲတွေ့ခဲ့သည်။ အလုပ်လက်မဲ့ ပေါများသွားခဲ့သည်။ အစိုးရကား ဘာမှမဖြစ်ခဲ့။
ယခုလတ်တလောအခြေအနေသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က အခြေအနေမျိုးဖြစ်သည်။ CDM လှုပ်ရှားမှုကိုပြုလုပ်ရန် နောက်ကွယ်ကမြှောက်ပင့်ပေးနေပြီး သူတို့ကိုယ်တိုင်က ရှောင်ပြေး ခိုအောင်းနေကြ သည်။ လေလှိုင်းကြားကနေ မကောင်းသောအကြံအစည်များကို တစ်ခုပြီးတစ်ခုလုပ်ဆောင်ကြရန် လှုံ့ဆော် နေသည်။ တက်ကြွသောလူငယ်အများအပြားသည် CDM လှုပ်ရှားမှုတွင် ပါဝင်လာကြသည်။
လူငယ်တို့၏ သဘာဝအရ စူးစမ်းချင်သည်။ လေ့လာချင်သည်။ ကိုယ်တိုင်လုပ်ကြည့်ချင်သည်။ လူငယ်မှန်သမျှ သည် အပေါင်းအသင်းကို ခုံမင်သည်။ သူငယ်ချင်းတစ်ယောက်က လာရောက်ဆွဲဆောင်စည်းရုံးလျှင် လိုက်ပါတတ်ကြသည်။ ဤသို့ဖြင့် လမ်းများပေါ်တွင် လူငယ်ကလေးများကို တွေ့မြင်ကြရသည်။
လူစုလူဝေးနှင့်သံပြိုင်အော်ဟစ်ရသည်ကို လူငယ်တို့သဘောကျသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ၂၂ လမ်းနှင့် လမ်း ၉၀ ထောင့်တို့တွင် မတ် ၇ ရက် နံနက်ပိုင်းက ဆူပူအကြမ်းဖက်အင်အား ၅၀၀၀ ခန့်မှာ လမ်းများပိတ်ဆို့၍ ဆူပူဆန္ဒပြနေသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းနှင့်အညီ လူစုခွဲခြင်းများဆောင်ရွက်ခဲ့ပြီး ဆူပူဆန္ဒပြရာတွင်ပါဝင်သူ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၉ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ထိုအထဲတွင် နိုင်ငံရေးအရောင်အသွေးမရှိသော အပြစ်မဲ့နုငယ်သည့် ကျောင်းသား
၁၄ ဦးနှင့် ကျောင်းသူ ၁၂ ဦးတို့ကို စိစစ်တွေ့ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်တို့၏ဘဝတိုးတက်ရေးကို အစဉ်အလေးထားလျက်ရှိသည်။ လူငယ်တို့၏ အနာဂတ်ပျောက်ဆုံးသွားမည့်အရေးကို အထူးစိုးရိမ်သည်။ လူငယ်ဆိုသည်မှာ မိမိဘဝတက်လမ်းကို မိမိ ကိုယ်တိုင်ကြိုးစားယူကြရသလို မိမိဘဝတက်လမ်းကိုလည်း မိမိကိုယ်တိုင်ပင်ချေဖျက်နိုင်သူများဖြစ်သည်။
လူငယ်တို့၏ အနာဂတ်ပန်းတိုင်သည် တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးသယ်ပိုးဆောင်ရွက်လိုသူများသာဖြစ် စေချင်သည်။ ဖြူစင်သန့်ရှင်းသော လူငယ်တို့ဘ၀ ဖြူဖြူစင်စင်ရှိစေချင်သည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ ရေးအခြေအနေကို မှန်မှန်ကန်ကန်သိစေချင်သည်။ ထို့ကြောင့် အဆိုပါလူငယ်များကို ဖမ်းဆီးထိန်းသိမ်းထား သည့်နေရာမှ အောင်မြေသာစံမြို့နယ် နန်းမြို့အတွင်းသို့ ပြန်လည်ခေါ်ဆောင်ကာ စိတ်အပန်းဖြေစေသည်။ ဘုရားဖူးနိုင်ရန် ဆောင်ရွက်ပေးသည်။ နန်းမြို့တွင်း လှည့်လည်ပြသပေးသည်။ ဗဟုသုတရဖွယ်စာအုပ်၊ စာစောင်များ ဖတ်ရှုစေရန် စီစဉ်ပေးသည်။ ထို့ပြင် ကောင်းမွန်စွာနေထိုင်စားသောက်နိုင်ရေး အထူးအလေး ထားဆောင်ရွက်ပေးသည်။
မတ် ၁၆ ရက်တွင် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးတို့အား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဆုံးမအမှာစကားများပြောကြားပြီး ၎င်းတို့ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် သိမ်းဆည်းထား သည့် ကိုယ်ပိုင်ပစ္စည်းများအား စာရင်းအတိုင်းပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ တပ်မတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းတိမ်းစောင်းသွားမည်ကို မလိုလားသည့်အတွက် ဒီမိုကရေစီ စနစ်တည်တံ့ခိုင်မာစေရန် နိုင်ငံတော်အာဏာကို ထိန်းလိုက်ရခြင်းဖြစ်သည်။ အရှင်းလင်းဆုံးဆိုရလျှင် နိုင်ငံတော်ကြီးပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤဖြစ်ရပ်မှန်ကို မျက်ကွယ် ပြုကာ NLD ပါတီနှင့် ဝန်းရံသူများက နိုင်ငံတော်ပျက်စီးရေးလမ်းကြောင်းကိုသာ ဦးတည်လှုပ်ရှားလျက်ရှိ သည်။ ယခုကဲ့သို့ နိုင်ငံရေးအရောင်အသွေးကင်းမဲ့သူများကိုပင် မမှန်မကန်သတင်းများပေးကာ CDM လှုပ်ရှား မှုတွင် ပါဝင်စေခဲ့သည်။
ရိုးသားဖြူစင်သော ကျောင်းသား၊ ကျောင်းသူများ၏ မိဘညီအစ်ကိုမောင်နှမများသည်လည်း မိမိတို့သား၊ သမီး CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ဖမ်းဆီးခံရခြင်းကို လိုလားမည်မဟုတ်ပေ။ မိဘများအနေဖြင့် မိမိတို့၏ သား၊ သမီးများကို မှန်ကန်သောလမ်းကြောင်းသို့ ရောက်အောင် ထိန်းကျောင်းသင့်သည်။ မိဘတို့၏ ပူပန်သောက စိုးရိမ်စိတ်ကို စာနာနားလည်၍လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ရိုးသားသော စိတ်ကိုတန်ဖိုးထား၍လည်းကောင်း မတ် ၁၆ ရက်တွင် အဆိုပါကျောင်းသား၊ ကျောင်းသူ ၂၆ ဦးအား မိဘများ ထံသို့ စနစ်တကျပြန်လည်အပ်နှံစေလွှတ်ခဲ့သည်။ သို့ဖြစ်ပါ၍ လူငယ်မောင်မယ်တို့၏ အနာဂတ်တောက်ပ ရေးအတွက် အရာရာကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ဆုံးဖြတ်ကြပါရန် ရေးသားလိုက်ရပေသည်။ ။