နေပြည်တော် ဧပြီ ၂၈
၁။ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့် ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့် အောက်ပါ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် အခြားပါဝင် ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
၂။ အထက်ဖော်ပြပါ ပြစ်မှုကျူးလွန်သူများအား လက်ခံ ထားရှိသူများကိုလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ထိုကဲ့သို့ ဆောင်ရွက်နေသူများကိုလည်း ဆက်လက် ထုတ်ပြန် သွားမည်ဖြစ်ပါသည်။