လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ငရုတ်ကောင်းမြို့နယ်အတွင်းရှိ သက္ကယ်ကွင်းတံတားအား ပြန်လည်ပြုပြင်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ငရုတ်ကောင်းမြို့နယ်အတွင်းရှိ သက္ကယ်ကွင်းတံတားအား ပြန်လည်ပြုပြင်

နေပြည်တော်၊ မေ - ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်အတွင်း မေ ၁၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေကျော် ကျေးရွာအုပ်စုနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ပေးထားသည့် ကျေးရွာချင်းဆက် သက္ကယ်ကွင်းတံတားမှာ တံတားကြမ်းခင်းများ ကျွံကျပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပျက်စီးခဲ့သည့်တံတားအား မတ် ၁၇ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပြန်လည်ပြုပြင်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။