လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ဘီးလင်းမြို့နယ်၊ ညောင်ပုလ္လင်ကျေးရွာရှိ လေဘေး သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ထောက်ပံ့ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်

လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ဘီးလင်းမြို့နယ်၊ ညောင်ပုလ္လင်ကျေးရွာရှိ လေဘေး သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ထောက်ပံ့ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ ဇွန် - ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ပုလ္လင်ကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၂၉ လုံး အမိုးလန် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ကျေးရွာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်း များနှင့်ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့်ကျေးရွာသို့ ယနေ့ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကျေးရွာရှိ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။