လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ဝမ်းစလောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး

လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ဝမ်းစလောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ - ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်အတွင်း ဧပြီ ၂၉ ရက်တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဝမ်းစလောင်းကျေးရွာရှိ နေအိမ် ၉ လုံး နှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ သွပ်မိုးအကာများပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီ ၃၀ ရက် နေလယ်ပိုင်းတွင် ဝမ်းစလောင်းကျေးရွာဘုန်းတော်ကြီး၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်ရာ အဆိုပါကျေးရွာမှ ဒေသခံပြည်သူများက လက်ခံရယူခဲ့ သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ကျေးရွာနေပြည်သူ များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ သည့်အလှူငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။