လေပြင်းများတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခဲ့သည့်မန္တလေးမြို့အတွင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

လေပြင်းများတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခဲ့သည့်မန္တလေးမြို့အတွင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်း ဧပြီ ၁၈ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခြင်းနှင့် ဓါတ်တိုင်များကျိုးပဲ့ခြင်းတို့ကြောင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ နေရာများသို့ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးသည်။
ထို့ပြင် မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မိတ္ထီလာမြို့နယ်ရှိ အနှိုင်းမဲ့ဆုတောင်းပြည့်စေတီတို့၌လည်း နယ်မြေခံတပ်မတော်သား များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။