နေပြည်တော်၊ မေ - ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ကက်သလစ်သာသနာ့ ဗဟိုကျောင်းတိုက်ရှိ ဘာသာရေးအဖွဲ့ဝင်များကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များက အဆိုပါကျောင်းတိုက် ရှိ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက အဆိုပါကျောင်းတိုက်ရှိ ခေတ္တလွိုင်ကော်ကတ်သ လစ်သာသနာပိုင် ချဲလ်ဆိုဘရွှေ(Celso Ba Shawe) ၊ ဖိလစ်အောင်ငဲ ( Fr. Philip Aung nge) ၊ ဖရန်းစစ် စိုးနိုင်( Fr. Framcis Soe Naing)၊ ကယားနှစ်ခြင်းကျောင်းမှ သိက္ခာရ ဆရာတော် ဒေါက်တာ ခူးရယ်ကျော်ထူးတို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ပြည်နယ်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့( JAMIAT ULAMAEL ISLAM LOIKAW )၊ ဂျာမေ့ဗလီ ဂေါပကရုံးအဖွဲ့(ရုံးခန်း)၌ ဂျာမေ့ဗလီကြီး၏ နာယကလူကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက လက်ဆောင် ပစ္စည်များပေးအပ်ရာ ရှေ့ဆောင်ဗလီဆရာတော် အွမ်ရ်အလီနှင့် ဒုတိယရှေ့ဆောင်ဆရာ တော် အွမ်စ္စမာန်းတို့မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။