လွိုင်ကော်မြို့ရှိ မဟာရဋ္ဌပါလပြည်ငြိမ်းအေးနဂါးရုံမြတ်စွာ ဘုရား၊ ဗောဓိညောင်ပင်နှင့် ရှစ်မျက်နှာ မြတ်စွာဘုရားနှင့် ဓမ္မာရုံအတွင်း၌ ကိုးကွယ်ထားသော ဥဒိဿမြတ်စွာ ဘုရားကြီးတို့အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူ မဟာမင်္ဂလာအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဇူလိုင် - ၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မဟာရဋ္ဌပါလ ပြည်ငြိမ်းအေးနဂါးရုံမြတ်စွာ ဘုရား၊ ဗောဓိညောင်ပင်နှင့် ရှစ်မျက်နှာမြတ်စွာဘုရားနှင့် ဓမ္မာရုံအတွင်း၌ ကိုးကွယ်ထားသော ဥဒိဿမြတ်စွာ ဘုရားကြီးတို့အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်တပ်နယ်ရှိ ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ရာ လွိုင်ကော်မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနာသီရိတောင်ပေါ် ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြ သည်။
ဦးစွာ လွိုင်ကော်မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနာသီရိတောင် ပေါ်ကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များက မဟာရဋ္ဌ ပါလပြည်ငြိမ်းအေးနဂါးရုံ မြတ်စွာဘုရားနှင့် ဗောဓိညောင်ပင်နှင့် ရှစ်မျက်နှာ မြတ်စွာဘုရားနှင့် ဓမ္မာရုံအတွင်း၌ ကိုးကွယ်ထားသော ဥဒိဿမြတ်စွာ ဘုရားကြီးတို့ အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လွိုင်ကော်မြို့နယ်၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ရတနာသီရိ တောင်ပေါ်ကျောင်းဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် များအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။