လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် တည်ထောင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ - ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ သာသနာဝိပုလဓါတ်တော်စာသင် တိုက်ပဓာနနာယက၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဉက္ကဋ္ဌ ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒ မထေရ်မြတ်၏ သက်တော်(၇၀)ပြည့်နှစ် ဝိဇာတမွေးနေ့ မင်္ဂလာနှင့် မွေးနေ့ဓမ္မပူဇာအတွက် လွိုင်လင်အာနန္ဒ ဗုဒ္ဓကောလိပ် တည်ထောင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့၊ သာသနာ့ဝိပုလ ဓါတ်တော်စာသင်တိုက်၌ ပြုလုပ်ရာ သာသနာဝိပုလဓါတော် စာသင်တိုက် ပဓာန နာယက၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဉက္ကဋ္ဌ ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာ ဓမ္မသာမိ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာဝိပုလဓါတ်တော် စာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လွိုင်လင်အာနန္ဒ ဗုဒ္ဓကောလိပ်၏ ဆိုင်းဘုတ်များ၊ ပညာရေးရုံးနှင့် ပညာနန္ဒစာကြည့်တိုက် ဆိုင်းဘုတ်များ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ သံဃာတော်များနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး သာသနာဝိပုလဓါတ်တော်စာသင် တိုက် ပဓာနနာယက၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ဉက္ကဋ္ဌ ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာ ဓမ္မသာမိ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆိုင်းဘုတ်များအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပြီး ဆိုင်းဘုတ်များအား အမွှေးနံ့သာ ရည်များ ပတ်ဖျန်းပေးကြသည်။

ယင်းနောက် ကြွရောက်လာကြသည့် သံဃာတော်များ၊ တက်ရောက်လာကြ သည့် တိုင်းမှူးနှင့်အဖွဲ့ဝင်များက လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ်၏ ပညာရေးရုံးနှင့် ပညာနန္ဒစာကြည့်တိုက် တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။