လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ  COVID-19  ရောဂါပိုးတွေ့ရှိမှု မရှိ 

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ  COVID-19  ရောဂါပိုးတွေ့ရှိမှု မရှိ 

နေပြည်တော်၊ ဇန်နဝါရီ - ၂၃

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ တတိယ အကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးနှင့် တတိယအကြိမ်အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့်အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့တို့အား ဇန်နဝါရီ ၁၈ ရက်နှင့် ၂၂ ရက်တို့တွင်  COVID-19  ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေး ခြင်းများပြုလုပ်ရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေး သုတေသနတပ်သို့ ပေးပို့ကာ RT-PCR  နည်းဖြင့် ရောဂါရှာဖွေစစ်ဆေးခဲ့သည်။
    
စစ်ဆေးတွေ့ရှိချက်များအရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့စုစုပေါင်း ၂၃၆ ဦးတို့တွင်  COVID-19  ရောဂါပိုး တွေ့ရှိမှု မရှိ(မရှိ)ကြောင်း သတင်းရရှိသည်။