လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များ အတွင်းရှိ ကျေးရွာ/ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၄

    COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

    ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ ဒိုင်းစုရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၃) ရပ်ကွက်နှင့် အမှတ်(၂၀) ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၁၄၆၃၃ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

    အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃၅၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။