လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့တွင် COVID-19 ပိုးတွေ့ လူနာများအား ထားရှိရန်ကြိုတင်ပြင်ဆင်

နေပြည်တော်၊ ဇွန် - ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ပြည်သူ့ဆေးရုံနှင့် ရွှေလင်ပန်းကျေး ရွာရှိ Civil Hospital ပြည်သူ့ဆေးရုံတို့တွင် COVID-19 ပိုးတွေ့လူနာများ ထားရှိရေး ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့အား လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆေးရုံ တွင် COVID-19 ပိုးတွေ့လူနာ ၁၀၀ ဦး ထားရှိနိုင်ရေးနှင့် လူနာ ၅၀ ဦးအတွက် အောက်ဆီဂျင်နှင့် လိုအပ်သည့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရွှေလင်ပန်းကျေးရွာရှိ Civil Hospital ပြည်သူ့ဆေးရုံတွင် လူနာ ၅၀ ဦးထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့သည် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ အစိုးရ စက်မှု လက်မှုနှင့်အတတ်သင်သိပ္ပံကျောင်း(GTI) ၌ COVID-19 ပိုးတွေ့လူနာ ၂၀၀ ဦးထားရှိ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် COVID-19 ပိုးတွေ့လူနာများထားရှိရန် ယာယီကုသဆောင်ပြင်ဆင်ထားရှိမှုအခြေ အနေများအား အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။