လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ ကျေးရွာ/ရပ်ကွက်အချို့ တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၃
    
COVID-19 ရောဂါ ကာကွယ်၊ ထန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရှမ်းကျောင်း ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၇)ရပ်ကွက်၊ ကုလားကြီးစု ရပ်ကွက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်နှင့် ဇီးကုန်း ကျေးရွာတို့ရှိ အိမ်ထောင်စု စုစုပေါင်း ၁၅၄၁၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
    
အလားတူ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မိုင်ကုန်းကျေးရွာရှိ အိမ်ထောင်စု စုစုပေါင်း ၃၀၀ စုတို့အတွက် ဆန်များကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများအား အဆိုပါကျေးရွာ ဓမ္မာရုံ၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။