လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ဧပြီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြရတနာလမ်း၊ အကွက်အမှတ်(၁၆)ရှိ Steel Structure (၁)ထပ်၊  Yangon Matorials ပန်းချီဘောင် စက်ရုံ၌  ဧပြီ ၂ဝ ရက် ည ၁၁ နာရီ ၅ဝ မိနစ်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့်  ည ၁၁ နာရီ ၅၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် စက်ရုံရှိပစ္စည်းများ   မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် မာလာနွယ် လမ်းထောင့်ရှိ မြို့နယ် NLD ရုံး၌ ယနေ့နံနက် ၅ နာရီခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ   နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၇ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၂ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။  အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့်    မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။