လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူသေမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သူများ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မုဒိန်းမှုကျူးလွန်ခဲ့သူတို့အား ပြစ်ဒဏ်အသီးသီး ချမှတ်

နေပြည်တော်၊ ဇွန် - ၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကျုံစုကျေးရွာ၊ နှင်းဆီလမ်း၊ မြသစ္စာအဆောင်နေ အာကာဟိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ မအေးအေးထွေး (ဘ)ဦးလုံးစိန် တို့သည် မေ ၉ ရက် နံနက် ၉ နာရီခန့်တွင် စကားများရန်ဖြစ်ရာမှ အာကာဟိန်းမှာ ရရှိဒဏ်ရာများဖြင့် သွေးထွက်လွန်၍ သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၄ အရ ၎င်းအား ဇွန် ၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မင်းရဲကျော်စွာ(၁၁)လမ်းနေ အောင်ချိုဝင်း(ဘ)ဦးချိုကြီး သည် ဧပြီလမှ စ၍ မေ ၉ ရက်နေ့အထိကာလအတွင်း ၎င်း၏သမီးအရင်းဖြစ်သူ (အသက် ၁၃ နှစ် ၅ လ)အား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၇၆(၁) အရ ၎င်းအား ဇွန် ၈ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ပုလဲအနောက်လမ်းရှိ နေအိမ်၌ မေ ၁၂ ရက် ညနေ ၃ နာရီခန့် တွင် ထွေးမောင်(ဘ)ဦးမြထင် နှင့် ၎င်း၏ ချွေးမဖြစ်သူ မနှင်းပွင့်ဖြူ တို့သည် စကားများရန်ဖြစ်ရာမှ မနှင်းပွင့်ဖြူတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂)အရ ၎င်းအား ဇွန် ၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။