နေပြည်တော် ဧပြီ ၁၁
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သား များက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၃)ရပ်ကွက်နှင့် ရှမ်းချောင်း ကျေးရွာ၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၁၁) ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်များရှိ အိမ်ထောင်စု ၅၀၀၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် မင်္ဂလာဒုံတပ်နယ်နှင့် မှော်ဘီတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
(၁၀၀)