လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များ အတွင်းရှိ ကျေးရွာ/ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၁၂

   COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ့စဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက်နှင့် အမှတ်(၂၆)ရပ်ကွက်များရှိ အိမ်ထောင်စု ၃၅၀၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ် မင်္ဂလာဒုံတပ်နယ်နှင့် မှော်ဘီတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။