လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များလှူဒါန်း 

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များလှူဒါန်း 

နေပြည်တော်၊ ဇန်နဝါရီ - ၂၈
    
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့်  ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်း လျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရေဥက္ကံကျေးရွာနှင့် ညောင်ရွာကျေးရွာတို့ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၆၀၀ စုတို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်အိတ်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းပေးသည်။
    
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ အကွက်အမှတ် ဧရာထွန်း(၁/စ)ရှိ အိမ်ထောင်စု ၃၀၀ စုအတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးေ၀ လှူဒါန်းခဲ့ကြသည်။