ဝိုင်းမော်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့တို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကို ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ပရဝုဏ်အတွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဉက္ကဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြပြီး ကံ့ကော်ပင်၊ ခရေပင်၊ ချယ်ရီပင်၊ စိန်ပန်းပင်နှင့် ရေတမာ ပျိုးပင် ၄၀၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျွန်း၊ ပိတောက်၊ ကံ့ကော်၊ ပျဉ်းကတိုးနှင့် မန်ဂျန်ရှားပင် စုစုပေါင်း ၁၀၅၀ ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။