ဝိုင်းမော်မြို့နယ်အတွင်း ဘွန်မြန်မာကုမ္ပဏီမှ ဆီတင်ယာဉ်အား KIA အဖွဲ့က အကြောင်းမဲ့ ပစ်ခတ်

နေပြည်တော်၊ မေ - ၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ ထွက်ခွာလာသော ဘွန်မြန်ဆီကုမ္ပဏီမှ ယာဉ်မောင်း အောင်ကျော်စိုး(ဘ)ဦးထွန်းတင် မောင်းနှင်၍ သာထက်စိုး(ဘ) ဦးလှသောင်း လိုက်ပါလာသည့် SINO အမျိုးအစား ၁၂ ဘီး ဆီတင်ယာဉ်အမှတ်၊ ယာယီ/---- သည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လမြန်ကျေးရွာနှင့် မုန်ကြိတ်ကျေးရွာကြားသို့ အရောက်၌ KIA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သာထက်စိုး တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်၏လေကာမှန်များ၊ ယာဉ်ကိုယ်ထည်များနှင့် ဆီတိုင်ကီတို့တွင် ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူအား ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူစေလျက်ရှိပြီး အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။