ဝိုင်းမော်မြို့နယ်၊ လဖိုင်ကျေးရွာ၌ တိုက်ပွဲရှောင် ဒေသခံပြည်သူများ ပြန်လည်ပြောင်းရွှေ့ နေထိုင်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဝိုင်းမော်မြို့နယ်၊ လဖိုင်ကျေးရွာ၌ တိုက်ပွဲရှောင် ဒေသခံပြည်သူများ ပြန်လည်ပြောင်းရွှေ့ နေထိုင်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၊ ဇန်နဝါရီ - ၉
    
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လဖိုင်ကျေးရွာရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူ များ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစ၍ မိုင်းရှင်းလင်းပေးခြင်း များ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ကျေးရွာရှိ နေအိမ် ၁၀၉ လုံး၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘောလုံးကွင်း ၁ ကွင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ အသင်းတော်ရုံး ၂ ရုံးနှင့် မူကြိုကျောင်း ၁ ကျောင်း တို့အား မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ပေးသည်။
    
အဆိုပါကျေးရွာအား မိုင်းရှင်းလင်းခြင်းဆောင်ရွက်ပြီးစီးခဲ့သဖြင့် လဖိုင်ကျေးရွာ တာဝန်ခံ ဦးဇော်လွမ် ထံသို့ နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းခဲ့သည့် မှတ်တမ်း ဓာတ်ပုံများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။