သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်း ပိတ်သိမ်းကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်း ပိတ်သိမ်းကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

နေပြည်တော် မတ် ၈

ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ် (၁/၂၀၂၁) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

အဆိုပါအမိန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပုဒ်မ ၄၁၉ နှင့် ၄၂၀ တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အခွင့် အာဏာကို လွှဲအပ်ကျင့်သုံးခွင့်အပ်နှင်းခဲ့ကြောင်း၊ သို့ဖြစ်၍ ပြန်ကြားရေးဝန်ကြီးဌာန သည် ယခင်က ထုတ်ဝေခွင့်ပြုပေးခဲ့သော မဇ္ဈိမ ၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Day သတင်းဌာနတို့၏ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ယနေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်း၊ ယင်းသတင်းဌာနများသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါကြောင်း ဖော်ပြထားသည်။