သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံက အိုအိုင်စီမှ တင်သွင်းသည့် အဆို (မူကြမ်း) အား လက်မခံပယ်ချကြောင်း

သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံက အိုအိုင်စီမှ တင်သွင်းသည့် အဆို (မူကြမ်း) အား လက်မခံပယ်ချကြောင်း

ဂျီနီဗာမြို့၌ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ၁၂-၇-၂၀၂၁ ရက်တွင် အိုအိုင်စီက တင်သွင်းသည့် “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင်များ နှင့်အခြားသောလူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင် ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာတွေ့ရှိရ သည်။

ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသော “ရိုဟင်ဂျာ”ဆိုသူများနှင့်ပတ်သက်၍ အဓိကဖော်ပြထားသည်။ ထို့အပြင် မမှန် ကန်သောသတင်းများ၊ တစ်ဖက်သတ်စွပ်စွဲများကိုအခြေခံထားကြောင်းနှင့် မြန်မာနိုင်ငံက အသိအ မှတ်ပြုလက်ခံထားခြင်းမရှိသော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာ တင်သွင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့ စသည့် နိုင်ငံတကာယန္တရားများ၏အခန်းကဏ္ဍများကို အလေးပေးထားကြောင်းလည်း တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် မျှတမှုမရှိဘဲ ဉီးတည်အရေးယူသည့် အဆိုမူကြမ်းများ၊ မိမိတို့၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်စေနိုင်သည့် အပြည်ပြည်ဆိုင်ရာ ယန္တရားများကို အစဉ်တစိုက်လက်ခံခဲ့ခြင်းမရှိခဲ့ပါ။ ထို့အပြင် ယခုဆုံးဖြတ်ချက် အဆိုသည် မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲအရေးယူသည့် လုပ်ရပ်ဖြစ်သည့်အတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်များကို ထင်ဟပ်မှု မရှိသဖြင့်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် အဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေး မှုများကို လည်းကောင်း ကန့်ကွက်ပယ်ချသည်။ ထို့အပြင် နိုင်ငံရေး ရည်မှန်းချက်များဖြင့် တီထွင် ဖန်တီးထားသည့် “ရိုဟင်ဂျာ”ဟူသည့် အသုံးအနှုန်းကိုလည်း မြန်မာအစိုးရနှင့် ပြည်သူများက အသိ အမှတ်ပြုခြင်းမရှိဘဲ ပယ်ချသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အားလုံးပါဝင်သည့် အလုံးစုံ ချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဉပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်သည်။
ဆုံးဖြတ်ချက် အဆို(မူကြမ်း)ကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကလည်း သဘောမတူ၊ မထောက်ခံ ကြောင်း (Dissociate) ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။