သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၁၁ ရက်
    
နိုင်ငံတော်ဆန့်ကျင်ရေးဆောင်ရွက်နေကြသည့် ဆူပူဆန္ဒပြသူ လူစုလူဝေးများသည် မိမိတို့ လုပ်ဆောင်နေမှုများမှာ မည်သည့်အတွက်လုပ်ဆောင်နေကြသည်၊ မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ် ဆောင်နေကြသည်ကိုပင် ကွဲကွဲပြားပြားမသိရှိကြဘဲ လူငယ်ထုလမ်းပေါ်ရောက်ရှိစေရေး၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရေး ဆူပူလှုပ်ရှားမှုများကို နေ့စဉ်မဖြစ်မနေ၊ မဖြစ်ဖြစ်အောင်လုပ်ဆောင်ရန် အတွက်ကိုသာ ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။
    
ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြသည့်အဆင့်မှ အကြမ်းဖက်ဖျက်ဆီးမှု၊ ရဲစခန်းများအား ဝင်ရောက်ဖျက်ဆီးရန်ကြံစည်မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို အကြမ်းဖက်လုယူရန် ကြိုးပမ်းမှုများဖြင့် အကြမ်းဖက်အဖွဲ့အစည်း၏ လှုပ်ရှားမှုပုံသဏ္ဍာန်ကဲ့သို့ဖြစ် လာနေသည်ကိုတွေ့ရှိရပါသည်။
    
နိုင်ငံအတွင်း ဆူပူဆန္ဒပြဆောင်ရွက်သူ လူစုလူဝေးများအနေဖြင့် ယနေ့တွင် မြို့နယ် အချို့တို့၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ ဖြိုခွဲထိန်းသိမ်းခြင်းများဆောင်ရွက်ခဲ့ရပြီး  အမျိုးသား (၁၅၅)ဦး၊ အမျိုးသမီး(၂၅)ဦး၊ စုစုပေါင်း (၁၈၀)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရ ပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နှင့် ထိပ်တိုက်တွေ့ဆုံနေကြသည့် ဆူပူအကြမ်း ဖက်သူ လူစုလူဝေး၏ဆောင်ရွက်မှုပုံသဏ္ဍာန်အပေါ်မူတည်၍ မလွဲမရှောင်သာဆောင်ရွက်မှုများအရ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့နေရမည်ဖြစ်ပေသည်။ ကြိုးကိုင်ချယ်လှယ်လျက် ရှိသော ဦးဆောင်သူများအနေဖြင့် အန္တရာယ်ကင်းဝေးသည့် ပုန်းခိုရာနေရာများမှ အမိန့်ပေး ဆောင်ရွက်နေရာတွင် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရသေဆုံးမှုဖြစ်စဉ်များ ဖြစ်ရသူများ၏ မိဘဆွေမျိုး များအနေဖြင့် စိတ်မကောင်းကြေကွဲမှုဖြစ်ရသည့် အခြေအနေသာ တွေ့ကြုံနေရမည်ဖြစ်သဖြင့် မိဘ ဆွေမျိုးများအနေဖြင့် ရပ်ရွာအတွင်း တက်အားသရွေ့ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်းအသိ ပေးသတင်းထုတ်ပြန်အပ်ပါသည်။