သတင်းပေးနိုင်ရန် ထုတ်ပြန်ကြေညာချက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ နှင့်အညီ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ သတ်မှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော်၏ ယန္တရား ကို ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်လျက်ရှိရာ အနုပညာနယ်ပယ်မှ သရုပ်ဆောင်ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင်လူမင်း၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဏကြီးနှင့် အဆိုတော် အနဂ္ဂတို့သည် မိမိတို့၏ ထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသည့် ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ ဆူပူဆန္ဒပြမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်းများ ပြုလုပ်သဖြင့် ¤င်းတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုရေးဖွင့် ထားရှိပြီးဖြစ်ပါသည်။

    နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသဖြင့် နိုင်ငံတော်တည်ငြိမ်ရေး ပျက်ပြားစေရန်နှင့် နိုင်ငံတော်၏ ယန္တရားများ လည်ပတ်ခြင်းကို ထိခိုက်စေရန် လှုံ့ဆော်လျက်ရှိသော ပြေတီဦး၊ ကိုပေါက်၊ လူမင်း၊ ဝိုင်း၊ ဏကြီးနှင့် အနဂ္ဂတို့အား ဖမ်းဆီးရမိ ရေးအတွက် အနီးဆုံး ရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်း နံပါတ်များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် ၎င်းတို့အား လက်ခံထားပါက လက်ခံထားသူများကိုပါ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။