သတိပေးနှိုးဆော်ချက်

(၇၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားအား ၂၇-၃-၂ဝ၂၁ ရက်နေ့တွင်   ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါနေ့ရက်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပျဉ်းမနား မြို့နယ်၊ ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်း လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် (ဝဝးဝ၅) အချိန်မှ (၁ဝးဝဝ) အချိန်ထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည် ဖြစ်သဖြင့်   မော်တော်ယာဉ်မောင်းနှင် သွားလာနေကြသည့် ယာဉ်မောင်းများအနေဖြင့်   ၎င်းနေ့တွင်   နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ်၊ ပန်းခင်းမီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှ တစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ လမ်းလွှဲမောင်းနှင် ပေးကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။

နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ