သဘင်ပညာရှင်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

သဘင်ပညာရှင်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၃

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ အရာတော်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သဘင်ပညာရှင် ၈၄၀၃ ဦးအတွက် ဆန် ၂၁၀၀ အိတ်နှင့် ဆီ ၄၂၀၀ ပိဿာကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ဖြစ်သည့် ဆေးတက္ကသိုလ် ၆ ခုအတွက် ငွေကျပ် ၁၀၅ သိန်း၊ တက္ကသိုလ် ၁၀ ခုအတွက် ငွေကျပ် ၂၈၅ သိန်း၊ ကွန်ပျူတာ တက္ကသိုလ် ၃ ခုအတွက် ငွေကျပ် ၄၅ သိန်း၊ နည်းပညာတက္ကသိုလ် ၈ ခုအတွက် ငွေကျပ် ၁၇၀ သိန်း၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ စိုက်သိပ္ပံကျောင်း ၅ ခုအတွက် ငွေကျပ် ၇၀ သိန်းတို့ကို လည်းကောင်း၊ တောင်သာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သည့် လူမှုရေးအဖွဲ့များနှင့် ဝန်ထမ်းများအား ထောက်ပံ့ ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက် ထောက်ပံ့လှူဒါန်းကြရာ သဘင်ပညာရှင်များ၊ ဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။