နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇေယျဝတီ ၃ လမ်းနှင့် ၄ လမ်းအကြား နေရာ၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခန့်က ယာဉ်မောင်း အောင်နိုင်သူ(ဘ)ဦးတင်မြင့် မောင်းနှင်လာသည့် HYUNDAI POTER II PICKUP အမျိုးအစား မော်တော်ယာဉ် ၁ စီးသည် ၁၁ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး စီးနင်းလာသည့် စက်ဘီးအား ယာဉ်၏ယာဘက် နောက်ဘီးနှင့် ကြိတ်မိပြီး မိန်းကလေးငယ်မှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်း ဖြစ်ပွားသည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများပေါ်၌ သတင်းဓာတ်ပုံ များ ပျံ့နှံ့ခဲ့ကာ အချို့သော အွန်လိုင်းမီဒီယာသုံးစွဲသူများက ဖြစ်စဉ်မှန်အား သိရှိခြင်းမရှိဘဲ တပ်မတော်၏ပုံရိပ်ကို ထိခိုက်ပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် တပ်မတော်မှ မော်တော်ယာဉ်ဖြင့် တက်ကြိတ်သွားသည် ဟု ရေးသား၍ အဆိုပါပုံများ ကိုဖြန့်ချိနေကြောင်း သိရှိရသည်။
ထိုသို့ရေးသားဖြန့်ချိနေမှုများမှာ မှန်ကန်မှုမရှိဘဲ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်သူ ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် သာကေတမြို့နယ်ရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။