သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၇

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေး ရုံခန်းမ၌ ပြုလုပ်ရာ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြ သည်။
ဦးစွာ မြိတ်မြို့၊ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်၊ တိုင်းဒေသ ကြီးသံဃနာယကအဖွဲ့ ဉက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ က သီတဂူ ဆရာတော်ကြီးထံ သီတဂူစက္ခုဒါနဆေးရုံဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း လျှောက်ထားသည်။ ထို့နောက် အလှူရှင်များက သီတဂူစက္ခုဒါနဆေးရုံအတွက် အလှူ ငွေများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီး ထံမှ အနုမောဒနာတရားနာယူကြပြီး ဆရာတော်ကြီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သီတဂူဇီဝိတစက္ခုဒါနဆေးရုံအတွင်းရှိ ဆေးကုသခန်းနှင့် လူနာခန်းများ တည်ဆောက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။