သီပေါမြို့၊ ကျောင်းကုန်းကျေးရွာအနီးရှိ ငြိမ်းချမ်းရေးစေတီတောင်တက်လမ်း၌ လက်လုပ်ရီမုရှေ့ထွက်မိုင်း ၂ လုံးတွေ့ရှိ

နေပြည်တော်၊ ဧပြီ - ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၊ မြို့ဟောင်းကျေးရွာနေ ဦးအိုက်လိတ်(ဘ) ဦးဩဘ သည် ဧပြီ ၁၆ ရက် နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျောင်းကုန်းကျေးရွာ အနီးရှိ ငြိမ်းချမ်းရေးစေတီသို့ ဘုရားဖူးရန် သွားရောက်စဉ် စေတီတောင်တက်လမ်း ဘယ်ဘက်ခြမ်း၌ မသင်္ကာဖွယ် အထုပ် ၂ ထုပ်အား တွေ့ရှိသဖြင့် တာဝန်ရှိသူများထံမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အကြောင်းကြားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အလျား ၈ လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၂ လက်မခန့်ရှိ လက်လုပ်ရီမုရှေ့ထွက်မိုင်း ၂ လုံးအား တွေ့ရှိခဲ့သည်။

အဆိုပါလက်လုပ်ရီမုရှေ့ထွက်မိုင်း ၂ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။