သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၇
သောက်ရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးကို ကျောက်ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။