သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း ရေတိုက်စားမှုဖြစ်ပေါ်ကာ ရထားလမ်းမြေပြိုပျက်စီးနေမှုအား ပြန်လည်ပြုပြင်

သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း ရေတိုက်စားမှုဖြစ်ပေါ်ကာ ရထားလမ်းမြေပြိုပျက်စီးနေမှုအား ပြန်လည်ပြုပြင်

နေပြည်တော်၊ ဇူလိုင် - ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း မိုင်တိုင် (၁၄၁/၁၅)နှင့် (၁၄၃)ကြား၌ ရေတိုက်စားကာ ရထားလမ်း မြေပြိုပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရထားလမ်းမြေပြိုပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ နယ်မြေခံတပ်မတော်သား များ၊ မြန်မာမီးရထားဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပြအင်ဂျင်နီ ယာအဖွဲ့များနှင့် ဒေသခံပြည်သူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။