သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ယနေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။