မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ဘောလုံးသမားဟောင်းများ ဦးနှောက်ထိခိုက်ခြင်း နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းပြောဆိုသည့် စကားပြောအစီ အစဉ်တစ်ခုတွင် လက်ရှိ လီဗာပူးအသင်း ခေါင်းဆောင် ဂျောဒန်ဟတ်ဒါဆန်ကို မန်ယူထံခေါ်ယူရန် ကြိုးစားခဲ့သေးကြောင်း နှင့် ဟတ်ဒါဆန်၏ ပြေးလွှားပုံကြောင့် မခေါ်ယူဖြစ်ခဲ့သည့်အမှား ကျူးလွန်မိခဲ့ ကြောင်း ဝန်ခံပြောသည်။
ဟတ်ဒါဆန်သည် လက်ရှိတွင် လီဗာပူး အသင်းကို ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားရရှိစေရန် စွမ်းဆောင်ပေးထားနိုင်ကာ အသင်းကို အကောင်းဆုံးထိန်းကျောင်းနိုင်သဖြင့် အံ့မခန်းဘောလုံးသမား ကောင်းတစ်ဦးဖြစ်ကြောင်း ဖာဂူဆန်က ချီးကျူးခဲ့သည်။
၂၀၁၁ ခုနှစ်က ဟတ်ဒါဆန်သည် ဆန်းဒါးလန်း၌ကစားနေစဉ် အသက် ၂၁ နှစ်သာရှိသေးချိန် ဖာဂူဆန်က မန်ယူသို့ ခေါ်ယူရန်ကြိုးပမ်းခဲ့မှုကို အဆိုပါစကား ပြောအစီအစဉ်တွင် ထည့်သွင်းပြော ကြားခဲ့သည်။ ဖာဂူဆန်က “အဲဒီတုန်းက ဟတ်ဒါဆန်ကိုခေါ်ယူဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ် နေခဲ့တယ်။ ကစားသမားတစ်ယောက်ကို ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့က သေချာပြင်ဆင် လေ့လာတယ်။ ဒါပေမဲ့ ဆေးအဖွဲ့က ဟတ်ဒါဆန် ပြေးလွှားပုံက ဒဏ်ရာရှိထားတဲ့ပုံပေါက်နေတယ်လို့ သုံးသပ်ခဲ့တဲ့အတွက် မခေါ်ဖြစ်ခဲ့တာပါ” ဟု ဖွင့်ဟခဲ့သည်။