အင်္ဂလန်နှင့် စပါးအသင်းတို့၏ အရေးအပါဆုံးသော အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ခန်းဆင်းစဉ် ကြွက်သားဒဏ်ရာရရှိသွားသဖြင့် အောက်တိုဘာလ ၁၁ ရက် ည ဘယ်လ်ဂျီယံနှင့် နေးရှင်းနလိဂ်ပွဲ လွဲချော်ရမည် ဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်တွင် ကစားရမည့် ဒိန်းမတ်နှင့် ပွဲစဉ်တွင်လည်း ပါဝင်ရန် မသေချာကြောင်း သိရသည်။
ဟယ်ရီကိန်းသည် ပြီးခဲ့သည့် ရာသီက ဒဏ်ရာများကြောင့် ကာလအတော်ကြာ အနားယူခဲ့ပြီး တံတောက်ကြောဒဏ်ရာရသွားသဖြင့် ဇွန် ၁၉ ရက် မန်ယူနှင့်ပွဲမှ စပါးအတွက် ပြန်ကစားပေးနိုင်ခဲ့သည်။ ယခုရာသီတွင် ဟယ်ရီကိန်းသည် ရာသီအစ ပွဲဆက်ပွဲကျပ်များစွာ ကစားနေရသည့်အတွက် စပါးနည်းပြ မော်ရင်ဟိုက အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေဖြင့် နိုင်ငံတကာပွဲ စဉ် သုံးပွဲကစားရာတွင် ပွဲတိုင်းအသုံးမပြုရန် ပန်ကြားခဲ့သည်။
သို့သော် ယခုဟယ်ရီကိန်းသည် ဝေးလ်ကို သုံးဂိုးပြတ်အနိုင်ရသည့် ပွဲတွင် ပါဝင်ခြင်းမရှိဘဲ လေ့ကျင့်ခန်းဆင်းရာမှ ဒဏ်ရာထပ်ရရှိခဲ့သဖြင့် ဆောက်ဂိတ်ကို မော်ရင်ဟိုဘက်မှ ဝေဖန်ဖွယ်ရှိသည်။
Ref:BBC