ဟားခါးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားသွားရောက်တွေ့ဆုံ၊ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

ဟားခါးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားသွားရောက်တွေ့ဆုံ၊ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ - ၃၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စားရေးအခက်အခဲမရှိစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စားရေးအဆင်ပြေစေရန်အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့တွင် ပြည်နယ်ရဲတပ်ဖွဲ့ ရဲဇာနည်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးကာ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။